ပုဒ်မ ၈၂
ပုဒ်မ ၈၂
အင်္ဂလန်တွင်လက်ခံနိုင်သည့် စာတမ်းအမှတ်အသားကိုတံဆိပ် သို့မဟုတ် လက်မှတ်ကိုထင်ရှား အောင် မပြုလုပ်ဘဲအမှန်ကဲ့သို့မှတ်ယူခြင်း

ဤအမှတ်အသားပါ အမှန်ဖြစ်ကြောင်းဖော်ပြသည့်တံဆိပ်ခေါင်း သို့မဟုတ် လက်မှတ်ကိုဖြစ်စေ၊ လက်မှတ်ရေးထိုးသည်အဆိုရှိသူက အမှီပြုသည့် ရာထူးကိုဖြစ်စေ ထင်ရှားအောင်မပြုလုပ်ဘဲအင်္ဂလန် နိုင်ငံတွင်ဖြစ်စေ၊ အိုင်ယာလန်နိုင်ငံတွင်ဖြစ်စေ တည်ရှိလျက်ရှိသည့်တရားဥပဒေအရ ယင်းနိုင်ငံများအတွင်းတရားရုံး တစ်စုံတစ်ရာတွင်မည်သည့်အကြောင်းကိုမဆို ထင်ရှားဖော်ပြရန်လက်ခံလိုက်သည့် အမှတ်အသားတစ်စုံတစ်ရာကို တရားရုံးတွင် တင်ပြသည့်အခါ တရားရုံးက ယင်းတံဆိပ်၊ တံဆိပ်ခေါင်း သို့မဟုတ် လက်မှတ်သည် အစစ်အမှန်ဖြစ်ကြောင်း၊ ၎င်းလက်မှတ်ကိုရေးထိုးသူမှာလည်း ယင်းကဲ့သို့ ရေးထိုးသည့်အခါ တရားရေးရာအရ သို့မဟုတ် ရုံးလုပ်ငန်းအရ တာဝန်ထမ်းဆောင်နေကြောင်းမှတ်ယူ ရမည်။

ထို့ပြင် ယင်းစာတမ်းအမှတ်အသားသည် အင်္ဂလန်နှင့်အိုင်ယာလန်နိုင်ငံတို့တွင် သက်သေခံဝင်သည့်အတိုင်း သက်သေခံဝင်ရမည်။