ပုဒ်မ ၁၀၁
ပုဒ်မ ၁၀၁
သက်သေထင်ရှားတင်ပြရန်တာဝန်

မည်သူမဆိုမိမိအဆိုပြုသော အကြောင်းခြင်းရာတည်ရှိခြင်းအပေါ်အမှီပြုပြီး တရားဝင်အခွင့် အရေး သို့မဟုတ် တာဝန်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားရုံးကစီရင်ဆုံးဖြတ်ပေးစေလိုလျှင် ထိုသူသည် အကြောင်းခြင်းရာများကို တည်ရှိကြောင်းသက်သေထင်ရှားတင်ပြရမည်။

တစ်ဦးတစ်ယောက်သောသူသည် တစ်စုံတစ်ရာအကြောင်းခြင်းရာတည်ရှိကြောင်း သက်သေထင်ရှား တင်ပြရမည်ဖြစ်လျှင် ထိုအကြောင်းခြင်းရာအား သက်သေထင်ရှားတင်ပြရန် တာဝန်သည် ထိုသူ၏အ ပေါ်တွင် ကျရောက်သည်ဟုဆိုရမည်။

ဥပမာများ

(က) A က B သည် ပြစ်မှုတစ်ခုကိုကျူးလွန်သည်ဟုပြောဆို၍ B အားပြစ်ဒဏ်စီရင်ရန် တရားရုံးက စီရင် ချက်ချပေးစေလိုသည်။ A က B ထိုပြစ်မှုကိုကျူးလွန်ကြောင်းသက်သေထင်ရှား တင်ပြရမည်။

(ခ) A ကဟုတ်မှန်သည်ဟုအဆိုပြု၍ B ကငြင်းဆိုထားသော အကြောင်းခြင်းရာများကို အကြောင်း ပြု၍ A က B ၏လက်ရှိဖြစ်သောမြေတစ်ကွက်ကိုရထိုက်ခွင့်ရှိကြောင်းကို တရားရုံး ကစီရင်ချက်ချပေး စေလို သည်။

A က ထိုအကြောင်းခြင်းရာများတည်ရှိကြောင်းသက်သေထင်ရှားတင်ပြရမည်။