အောက်တွင်ဖော်ပြထားသော စာတမ်းအမှတ်အသားများသည် အစစ်အမှန်ဖြစ်သည်ဟုမှတ်ယူရ မည်။
လန်ဒန်ဂေဇက် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံပြန်တမ်း သို့မဟုတ် ဗြိတိသျှအစိုးရ၏ ကိုလိုနီ နိုင်ငံလက်အောက်ခံ နိုင်ငံ သို့မဟုတ် ပိုင်ဆိုင်သော နိုင်ငံ၏ အစိုးရပြန်တမ်း သို့မဟုတ် သတင်းစာ သို့ မဟုတ် ဂျာနယ် သို့မဟုတ် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်တို့ပါဝင်သော ယူနိုက်တက်ကင်းဒမ်းနိုင်ငံပါလီ မန်၏ အက်ဥပဒေကိုအစိုးရပုံနှိပ်ရေးအရာရှိက ပုံနှိပ်ထားသည်ဆိုသော မိတ္တူနှင့်ဥပဒေတစ်ရပ်ရပ်၏ ညွှန်ကြားချက်အရလူတစ်ဦးတစ်ယောက်က ထိန်းသိမ်းထားရသောစာတမ်းအမှတ်အသားဖြစ်၍ ဥပဒေ က လိုအပ်သည့်အတိုင်း နေရာတကျထိန်းသိမ်းထားရာမှ တင်ပြခြင်းဖြစ်သည့် စာတမ်းအမှတ်အသားတိုင်းသည် အစစ်အမှန်ဖြစ်သည်ဟုတရားရုံးက မှတ်ယူရမည်။