ပုဒ်မ ၉၃
ပုဒ်မ ၉၃
အဓိပ္ပာယ်မရှင်းလင်းသောစာချုပ်စာတမ်းကိုရှင်းလင်းဖော်ပြရန်သို့မဟုတ် ပြင်ဆင်ရန်ဖြစ်သော သက်သေခံချက်ကိုပိတ်ပင်ခြင်း

စာချုပ်စာတမ်းတစ်ခုတွင်ပါရှိသည့် အရေးအသားသည် အဓိပ္ပာယ်မရှင်းလင်းကြောင်း သို့မဟုတ် မပြည့်စုံကြောင်း ပေါ်လွင်နေလျှင်ထိုအရေးအသား၏အဓိပ္ပာယ်ကို ဖော်ပြမည်ဖြစ်သောသို့မဟုတ် ဖြည့် ပေးမည်ဖြစ်သော အကြောင်းခြင်းရာများကိုသက်သေခံတင်ပြခွင့်မရှိ။

ဥပမာများ

(က) A ကမြင်းတစ်ကောင်းကိုကျပ် ၁၀၀၀ သို့မဟုတ် ကျပ် ၁၅၀၀ ဖြင့် B သို့ရောင်းချရန် သဘောတူစာချုပ် ရေးသားချုပ်ဆိုသည်။ အဆိုပါတန်ဖိုးနှစ်ရပ်အနက် မည်သည့်တန်ဖိုးကို ပေးရမည် ဖြစ်ကြောင်း ပေါ်လွင်အောင်သက်သေတင်ပြခြင်း မပြုနိုင်။

(ခ) စာချုပ်စာတမ်းတစ်ခုတွင် နေရာလပ်များပါရှိသည်။ ယင်းနေရာလပ်များတွင်မည်သို့ဖြည့်သွင်းရေး သားရန်ရည်ရွယ်ကြောင်းပေါ်လွင်စေမည့် အကြောင်းခြင်းရာများကို သက်သေတင်ပြခြင်းမပြုနိုင်။

စာချုပ်စာတမ်းတွင် တည်ရှိနေသည့်အကြောင်းခြင်းရာများနှင့်သက်ဆိုင်ခြင်းမရှိဟူသော သက်သေ ခံချက်ကိုပိတ်ပင်ခြင်း။

၉၄။ စာချုပ်စာတမ်းတစ်ခုတွင်ပါရှိသည့်အရေးအသားမှာ ထိုအတိုင်းပင် အဓိပ္ပာယ်ရှင်းလင်းနေသည့်ပြင် ထိုအရေးအသားတည်ရှိနေသည့်အကြောင်းခြင်းရာများနှင့်လည်း သက်ဆိုင်ကိုက်ညီနေလျှင် ထိုအရေး အသားသည် အဆိုပါ အကြောင်းခြင်းရာများနှင့်သက်ဆိုင်စေရန်ရည်ရွယ်၍ရေးသားခြင်းမဟုတ်ကြောင်း သက်သေခံတင်ပြခွင့်မရှိ။

ဥပမာ

A သည် “ထားဝယ်မြို့ရှိ ဧက ၁၀၀ ကျယ်ဝန်းသောကျွန်တော်ပိုင်မြေ” ဟုဆိုကာ ထိုမြေကို B အားစာ ချုပ်နှင့်ရောင်းချလိုက်သည်။ ထားဝယ်မြို့တွင်ဧက ၁၀၀ ကျယ်ဝန်းသော A ပိုင်သည့်မြေရှိသည်။ ရောင်းချရန်ရည်ရွယ်ရင်းဖြစ်သည့်မြေသည် အဆိုပါနေရာတွင်မဟုတ်ဘဲအခြားနေရာတွင် တည်ရှိသည့် မြေဖြစ်ကြောင်း၊ အကျယ်အဝန်းမှာလည်းအဆိုပါ အကျယ်အဝန်းအတိုင်းမဟုတ်ကြောင်းသက်သေခံ တင်ပြခွင့်မရှိ။