အမိန့်တစ်ရပ်ရပ်ကို အယူခံဝင်ခွင့်ပြုထားလျှင် ထိုအမိန့်ချသည့်အမှုတွင် ဒီကရီကို အယူခံ ဝင်ခွင့် ရှိသည့် တရားရုံး၌ ထိုအမိန့်ကို အယူခံဝင်ခွင့်ရှိသည်၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး သို့မဟုတ် ခရိုင်တရားရုံး သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ အယူခံ စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံး၍ ထိုအမိန့်ကို ချမှတ်လျှင် အနီးဆုံး အထက်တရားရုံး၌ အယူခံဝင်ခွင့်ရှိသည်။((ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် အစားထိုးပြင်ဆင်ထားသည်။)