ပုဒ်မ ၃၇၈
ပုဒ်မ ၃၇၈
နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ

(က) ဤအခန်း၌ ပေးအပ်ထားသောအခွင့်အရေးများနှင့် စပ်လျဉ်း၍ လျှောက်ထားလာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော်အမိန့် တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့်အာဏာရှိရမည် -

(၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊

(၂) အာဏာပေးစာချွန်တော်အမိန့်၊

(၃) တားမြစ်စေစာချွန်တော်အမိန့်၊

(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊

(၅) အမှုခေါ်စာချွန်တော်အမိန့်။

(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့်စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့် အာဏာသည် အခြားတရားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့် သဘောမျိုးသက်ရောက်သည့်အမိန့်ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။