ပုဒ်မ ၂၆၃
ပုဒ်မ ၂၆၃
အယူခံခွင့်မရှိသော အမှုများတွင် မှတ်တမ်းတင်ခြင်း

အယူခံဝင်ခွင့်မရှိသော အမှုများတွင် ရာဇဝတ်တရားသူကြီးများသည်၊သို့မဟုတ် ခုံရုံးထိုင်ရာ ရာဇဝတ်တရားသူကြီးများသည် သက်သေခံချက်များကို ရေးမှတ်ရန်၊ သို့မဟုတ် နည်းလမ်းတကျစွဲချက်တင်ရန် မလို။ သို့သော်လည်း နိုင်ငံတော်သမ္မတက ညွှန်ကြားသည့်အတိုင်း သတ်မှတ်ထားသည့် ပုံစံတွင် အောက်ပါအကြောင်းအရာများကို ဖြည့်သွင်းရမည်-

(က) အမှုနံပါတ်၊

(ခ) ပြစ်မှုကျူးလွန်သည့်နေ့ရက်၊

(ဂ) အစီရင်ခံသည့်နေ့ရက်၊ သို့မဟုတ် တိုင်တန်းသည့်နေ့ရက်၊

(ဃ) တိုင်တန်းသူ၏ အမည်(ရှိခဲ့လျှင်)၊

( င) တရားခံ၏အမည်၊ မိဘအမည်နှင့် နေရပ်လိပ်စာ၊

( စ) တိုင်တန်းသည့်ပြစ်မှုနှင့် ပြစ်မှုတစ်စုံတစ်ရာထင်ရှားလျှင်လည်း ထင်ရှားသည့် ပြစ်မှု၏ အမည်၊ ပုဒ်မ ၂၆၀၊ ပုဒ်မခွဲ (၁) ၏ အပိုဒ် (ခ)၊ အပိုဒ်(ဂ)၊ သို့မဟုတ် အပိုဒ်(ဃ)နှင့်စပ်လျဉ်းသော အမှု များဖြစ်လျှင်၊ သို့မဟုတ် ပုဒ်မ ၂၆၁ ၏ အပိုဒ်(ဂ)၊ အပိုဒ်(ဃ)၊ သို့မဟုတ် အပိုဒ်(င)နှင့်သက်ဆိုင်သော ပြစ်မှုဖြစ်လျှင် ကျုးလွန်သည့် အမှုနှင့်သက်ဆိုင်သည့် ပစ္စည်း၏တန်ဖိုး၊

(ဆ) တရားခံ၏ ထုချေချက်နှင့် ၎င်းအားစစ်မေးချက် (ရှိခဲ့လျှင်) ၊

(ဇ) တွေ့ရှိချက်နှင့် ပြစ်မှုထင်ရှားစီရင်ခဲ့လျှင် ယင်းကဲ့သို့ စီရင်ရသည့် အကျဉ်းဖော်ပြသည့်မှတ်ချက်၊

(ဈ) ပြစ်ဒဏ်၊ သို့မဟုတ် အပြီးသတ်ချမှတ်သည့် အခြားအမိန့်နှင့်

(ည) အမှုဆုံးခန်းတိုင်ရောက်သည့် နေ့ရက်။