သက်ဆိုင်ရာအမိန့်၊ သို့မဟုတ် စီရင်ချက်ကိုချမှတ်သည့် ခုံရုံးအဖွဲ့ကို ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ အရ ပြဋ္ဌာန်းထားသည့်နည်းဥပဒေတို့အရ စနစ်တကျဖွဲ့စည်းခဲ့ခြင်းနှင့် ထိုခုံအဖွဲ ဖွဲ့စည်းရာတွင် ပါဝင်သော ရာဇဝတ်တရားသူကြီးများသည် မှုခင်းဆောင်ရွက်သည့် ကာလ တစ်လျှောက်လုံး၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါက စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု၏ မည်သည့်အဆင့်၌မဆို ခုံအဖွဲ့တွင်ထိုင်သော ရာဇဝတ်တရားသူကြီးများ၏ အရေအတွက် ပြောင်းလဲမှုအကြောင်း သက်သက်ကြောင့် ရာဇဝတ်တရားသူကြီးများ၏ ခုံအဖွဲ့က ချမှတ်သည့် မည်သည့်အမိန့်၊ သို့မဟုတ် စီရင်ချက်မျှ ပျက်ပြယ်ခြင်းမရှိစေရ။