ပုဒ်မ ၄
ပုဒ်မ ၄
အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၄။ (၁) ဤဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်နှင့်ဖြစ်စေ ဆန့်ကျင် ကွဲလွဲသည့်သဘောမရှိလျှင် အောက်ပါစကားလုံးများနှင့် စကားရပ်များသည် ဖော်ပြထားသော အဓိပ္ပာယ်ကိုဆောင်သည်။



အာမခံပေးရမည့်ပြစ်မှု အာမခံမပေးနိုင်သောပြစ်မှု

(က) “အာမခံပေးရမည့်ပြစ်မှု” ဆိုသည်မှာ မှာ ဒုတိယဇယားတွင် အာမခံ ပေးရမည်ဟု ဖော်ပြထားသော ပြစ်မှု သို့မဟုတ် တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အာမခံ ပေးရမည့် ပြစ်မှုကို ဆိုသည်။ “အာမခံ မပေးနိုင်သောပြစ်မှု” ဆိုသည်မှာ အခြား ပြစ်မှုများ ကို ဆိုသည်။

သို့ရာတွင် ရာဇသတ်ကြီး ပုဒ်မ ၁၈၈ သို့မဟုတ် ပုဒ်မ ၅၀၆ အရ ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုတစ်ရပ်ရပ်ကို အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသော အရပ်ဒေသ၌ ကျူးလွန်ခဲ့လျှင် ထိုပြစ်မှုသည် အာမခံမပေးနိုင်သောပြစ်မှု ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် ကြေညာနိုင်သည်။


၄ (၁) (ခ)။ ************************************


စွဲချက် (Charge)

(ဂ) “စွဲချက်”တွင် ဖွင့်ဆိုထားသည့် “စွဲချက်မှာ” ရဲတပ်ဖွဲ့က အမှုကို တရားရုံးသို့ စွဲမတင်မီ ရဲစက္ကူ၌ ရဲစွဲချက် ပြုလုပ်ခြင်းမဟုတ်ဘဲ တရားရုံးက တရားခံအပေါ် စွဲချက်တင်သည့် စွဲချက်ကို ဆိုလိုခြင်း ဖြစ်သည်။


၄ (၁) (ဃ) *****************************************************


ပြုလုပ်မှုများနှင့် သက်ဆိုင်သည့် စကားလုံးများ

(၂) ပြုလုပ်မှုများကို ရည်ညွှန်းသည့် စကားလုံးများတွင် ဥပဒေနှင့်ဆန့်ကျင်သော ပျက်ကွက်မှု များလည်း အကျုံးဝင်သည်။ ထို့ပြင်-

ရာဇသတ်ကြီးမှာကဲ့သို့ အဓိပ္ပာယ် ထွက်သော စကားလုံးများ

ဤဥပဒေတွင် အသုံးပြု၍ ရာဇသတ်ကြီးတွင် အဓိပ္ပာယ်ဖွင့်ဆိုထား ဖွင့်ဆိုထားပြီး ဤဥပဒေ ၏ ရှေ့ပိုင်းတွင် အဓိပ္ပာယ်ဖွင့်ဆိုမထားသော စကားလုံးများနှင့် စကားရပ်များ အားလုံး တို့သည် ရာဇသတ်ကြီးတွင် ဖွင့်ဆိုထားသည့်အတိုင်း အဓိပ္ပာယ်ကို ဆောင်သည်ဟု မှတ်ယူ ရမည်။