ပုဒ်မ ၇၆
ပုဒ်မ ၇၆
ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကများ၏ တာဝန်ထမ်းဆောင်ခြင်း
(က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယက နှင့်ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်းကာလအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကို ပါထမ်းဆောင်ရမည်၊ (ခ) ပြည်ထောင်စုလွှတ်တော် နာယကသည် နာယကတာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီထမ်းဆောင်ရမည်။
ပြစ်ဒဏ်
-