ပုဒ်မ ၁၅၃
ပုဒ်မ ၁၅၃
အလေး တင်း တောင်းများကို ကြည့်ရှုစစ်ဆေးခြင်း

(၁) မည်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှူးမဆို ထိုစခန်း၏ နယ်မြေအတွင်းရှိ မည်သည့် နေရာ၌ ဖြစ်စေ မမှန်သော အလေးတင်းတောင်း သို့မဟုတ် အလေးချိန် ချိန်တွယ်သည့် ကိရိယာများ ရှိနေသည်ဟု ယုံကြည်ရန် အကြောင်းပေါ်ပေါက်သည့်အခါ ထိုနေရာတွင် အသုံးပြုသော သို့မဟုတ် ထားရှိသော အလေးတင်းတောင်း သို့မဟုတ် ချိန်တွယ်သည့် ကိရိယာများကို ကြည့်ရှုစစ်ဆေးရန် သို့မဟုတ် ရှာဖွေရန် ကိစ္စအလို့ငှာ ဝရမ်းမပါဘဲ ဝင်ရောက်နိုင်သည်။

(၂) အဆိုပါ နေရာတွင် မမှန်သောအလေးများ၊ တင်းတောင်းများ၊ ချိန်တွယ်ရန် ကိရိယာများ ကို ရှာဖွေတွေ့ရှိလျှင် ထိုရဲအရာရှိသည် ထိုပစ္စည်းကိုသိမ်းယူပြီးနောက် ထိုသို့ သိမ်းယူခဲ့ကြောင်းကို စီရင်ပိုင်ခွင့်အာဏာရှိသည့် ရာဇဝတ်တရားသူကြီးတစ်ဦး ထံသို့ ချက်ချင်း သတင်းပို့ရမည်။