(၁)နည်းဥပဒေကော်မတီဟု ခေါ်တွင်စေရမည့် ကော်မတီတစ်ရပ်ကို နေပြည်တော်၌ ဖွဲ့စည်း ထားရှိရမည်။ ယင်းကော်မတီတွင် အောက်ပါပုဂ္ဂိုလ်များပါဝင်စေရမည် –
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး သုံးဦး
( ခ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်
(ဂ) တရားလွတ်တော်ရှေ့အဖြေစ် ၁၀ နှစ် အမှုလိုက်ပါဆောင်ရွက်ဖူးသူ တရားလွှတ်တော် ရှေ့နေ နှစ်ဦး ထို့ပြင်
(ဃ) XXXXX XXXXX XX XXXXX XXXXX
(၂) XXXXX XXXXX XX XXXXX XXXXX
(၃) ပြည်ထောင်စုတရားသူကြီးချုပ်က ယင်းကော်မတီဝင်များကို ခန့်အပ်ရမည့် အပြင် ယင်းကော်မတီဝင်တို့အနက် တစ်ဦးကိုလည်း ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ရမည်။
သို့ရာတွင် ပြည်ထောင်စုတရားသူကြီးချုပ်က မိမိကိုယ်တိုင် ကော်မတီဝင်အဖြစ် ဆောင်ရွက်ရန် ရွေးချယ်လျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကျန်တရားလွှတ်တော် တရားသူကြီးများအနက် ကော်မတီဝင်များအဖြစ် ခန့်အပ်ရမည့် ဦးရေသည် နှစ်ဦးဖြစ်ရမည်။ ထို့ပြင် တရားသူကြီးချုပ်သည် ကော်မတီဥက္ကဌ ဖြစ်ရမည်။
(၄) ကော်မတီဝင်အသီးသီးသည် ဤကိစ္စအလို့ငှာ ပြည်ထောင်စုတရားသူကြီးချုပ် က သတ်မှတ်သည့် ကာလအပိုင်းအခြားအတွင်း မိမိရာထူးတွင် ထမ်းဆောင်ခွင့် ရှိသည်။ ကော်မတီဝင်တစ်ဦးဦး အငြိမ်းစား ယူသည့်အခါဖြစ်စေ၊ ရာထူးမှ နှုတ်ထွက်သည့် အခါဖြစ်စေ၊ သေဆုံးသောအခါဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် နေထိုင်ခြင်းမရှိတော့သည့် အခါဖြစ်စေ၊ ကော်မတီဝင်အဖြစ် ထမ်းဆောင် နိုင်စွမ်း မရှိတော့သည့်အခါဖြစ်စေ အဆိုပါ တရားသူကြီးချုပ်သည် ထိုသူ၏နေရာတွင် အခြားသူတစ်ဦးကို ကော်မတီဝင်အဖြစ် ခန့်အပ်နိုင်သည်။
(၅) ထိုကော်မတီအတွက် ပြည်ထောင်စုတရားသူကြီးချုပ်က ခန့်အပ်ရမည့် အတွင်းရေးမှူး တစ်ယောက် ရှိရမည်။ ထိုအတွင်းရေးမှူးသည် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက သတ်မှတ် ပြဌာန်းသော အခကြေးငွေကို ရရှိရမည်။ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် အစားထိုးပြင်ဆင်ထားသည်။)