ပုဒ်မ ၉
ပုဒ်မ ၉
ပိတ်ပင်ထားခြင်းမရှိလျှင် တရားမမှုအားလုံးကို တရားရုံးများက စစ်ဆေးစီရင်ရခြင်း

တရားရုံးများသည် (ဤးဥပဒေပါ ပြဋ္ဌာန်းချက်များကို ထောက်ထား၍) အတိအလင်းဖြစ်စေ (expressly)၊ သဘောသက်ရောက်စေခြင်းဖြင့်ဖြစ်စေ (impliedly) အရေးယူစစ်ဆေးခွင့် ပိတ်ပင်ထားခြင်း မရှိသော တရားမသဘောဆန်သော အမှုများ (Suits of a civil nature) အားလုံးကို စစ်ဆေးစီရင်ပိုင်ခွင့် အာဏာရှိသည်

ရှင်းလင်းချက် (Explanation): ပစ္စည်း သို့မဟုတ် ရာထူးတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ရပိုင်ခွင့်အတွက် စွဲဆိုထားသော တရားမမှုတွင် ထိုရပိုင်ခွင့်မှာ ဘာသာရေးဆိုင်ရာ ထုံးစံ သို့မဟုတ် အခမ်းအနားများနှင့် စပ်လျဉ်းသည့် ပြဿနာများ၏ အဆုံးအဖြတ်အပေါ်တွင် လုံးဝတည်ရှိနေစေကာမူ ယင်းအမှုသည် တရားမသဘောဆန်သော အမှု (Suit of a civil nature) ဖြစ်သည်