ပုဒ်မ ၂၃၃
ပုဒ်မ ၂၃၃
စွဲချက်များကို ပေါင်းစပ်ခြင်း၊ သီးခြားပြစ်မှုများအတွက် သီးခြား စွဲချက်များ။

လူတစ်ဦးတစ်ယောက်အပေါ်စွပ်စွဲသော သီးခြားပြစ်မှုအရပ်ရပ်အတွက် စွဲချက်သီးခြားရှိစေရမည်။ ထို့ပြင် အဆိုပါစွဲချက်အရပ်ရပ်ကိုလည်း ပုဒ်မ ၂၃၄၊ ၂၃၅၊ ၂၃၆ နှင့် ၂၃၉ တို့တွင် ဖော်ပြထားသည့်အမှုများမှတစ်ပါး ခွဲခြား၍ စစ်ဆေးစီရင်ရမည်။

ဥပမာ

A သည် တစ်ကြိမ်တွင် ခိုးမှု အခြားတစ်ကြိမ်တွင် အပြင်းအထန်နာကျင်စေမှုဖြင့် အစွပ်စွဲခံရသည်တွင် A ကို ခိုးမှုနှင့် အပြင်းအထန်နာကျင်စေမှုတို့အတွက် သီးခြားစီစွဲချက်တင်ပြီး သီးခြားစီ စစ်ဆေးစီရင်ရမည်။