ရာဇဝတ်တရားသူကြီးရှေ့သို့ တရားခံရောက်ရှိသောအခါ၊ သို့မဟုတ် ၎င်းကို တင်ပို့ လာသည့်အခါ ၎င်းအပေါ် စွပ်စွဲသည့် ပြစ်မှုနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ပြောပြရမည့်အပြင် မည်သည့်အတွက်ကြောင့် မိမိအပေါ် ပြစ်မှုထင်ရှားစီရင်ခြင်း မပြုထိုက် ကြောင်းဖြင့် ထုချေရန် အကြောင်း ရှိ မရှိကို မေးမြန်းရမည်။ သို့သော်လည်း နည်းလမ်းတကျ စွဲချက်တင်ရန်မလို။