ပုဒ်မ ၁၃၈
ဥပဒေကြမ်းတင်သွင်းခြင်း
(က) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်က တင်သွင်းသော ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ ပေးပို့လာလျှင် ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်းသော ဥပဒေကြမ်းဟု မှတ်ယူ၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ခ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ပါရှိသော ကိစ္စရပ်များအနက် ပြည်ထောင်စုလွှတ်တော်၌သာ ဥပဒေကြမ်းတင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများကို ဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်သို့ စတင်တင်သွင်းခွင့်ရှိသည်။ ယင်းဥပဒေကြမ်း များကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ဂ) ပြည်သူ့လွှတ်တော်က အတည်ပြုသည့် ဥပဒေကြမ်းများကို ဆက်လက်ဆွေးနွေး ဆုံးဖြတ်နိုင်ရန် အမျိုးသားလွှတ်တော်သို့ ပေးပို့ရမည်။