(က) လွှတ်တော်တွင် တစ်စုံတစ်ရာသောအကြောင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ခဲ့လျှင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ် နေရာတွင် သတ်မှတ်ချက်နှင့်အညီ အစားထိုးဖြည့်စွက်ခြင်းနှင့် မဲအများဆုံး ရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဥပဒေနှင့်အညီ ရွေးကောက် တင်မြှောက်ခြင်း ဆောင်ရွက်ရမည်။
(ခ) လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမနှစ်နှင့် ပဉ္စမနှစ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းမပြုရ။