(က) ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
| (၁) | နိုင်ငံတော်သမ္မတ | - | ဥက္ကဋ္ဌ | |
| (၂) | ဒုတိယသမ္မတများ | - | ဒုတိယဥက္ကဋ္ဌများ | |
| (၃) | ပြည်ထောင်စုရှေ့နေချုပ် | - | အဖွဲ့ဝင် | |
| (၄) | ပြည်ထောင်စုစာရင်းစစ်ချုပ် | - | အဖွဲ့ဝင် | |
| (၅) | တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့်ပြည်နယ်ဝန်ကြီး ချုပ်များ | - | အဖွဲ့ဝင် | |
| (၆) | နေပြည်တော်ကောင်စီဥက္ကဋ္ဌ | - | အဖွဲ့ဝင် | |
| (၇) | ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး | - | အတွင်းရေးမှူး |
(ခ) (၁) ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းသည့်အခါ အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရမည့်ရာထူးနေရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့်တာဝန်ပေးအပ်ခြင်းခံရသူ မရှိသေးပါက နိုင်ငံတော်သမ္မတသည် ထိုနေရာအတွက် သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ယာယီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်နိုင်သည်၊
(၂) ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာရမည်။ ထို့ပြင် ဘဏ္ဍာရေးကော်မရှင်အတွက် လိုအပ်သောအမိန့်၊ ညွှန်ကြားချက် စသည်များကိုလည်း နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က ထုတ်ပြန်ကြေညာနိုင်သည်။