အထက်တွင် ဆိုခဲ့သည်တို့ကို အထောက်အထားပြုလျှက် အောက်ပါ အကြောင်းတစ် ခုခုကြောင့် နစ်နာသည်ဟု ယူဆသူတစ်ဦးဦးသည် စီရင်ချက်ကို ပြန်လည်သုံးသပ်ပေးရန် အလို့ငှာ ဒီကရီ သို့မဟုတ် အမိန့်ချမှတ်ခဲ့သော တရားရုံးသို့ လျှောက်ထား နိုင်သည်။ ယင်းလျှောက်ထား ချက်အပေါ် တရားရုံးက သင့်သည်ထင်မြင်သည့် အမိန့်ကို ချမှတ်နိုင်သည်–
(က) ဤဥပဒေအရ အယူခံဝင်ခွင့် ပြုထားသော်လည်း အယူခံဝင်ခဲ့ခြင်း မရှိသော ဒီကရီ သို့မဟုတ် အမိန့်
( ခ ) ဤဥပဒေအရ အယူခံဝင်ခွင့် မပြုသော ဒီကရီ သို့မဟုတ် အမိန့်
( ဂ ) *********** (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် ပယ်ဖျက်ထားသည်။