ပုဒ်မ ၁၇၅
ပုဒ်မ ၁၇၅
လူများကို ဆင့်ခေါ်ရန်အာဏာ

(၁) ပုဒ်မ ၁၇၄ အရ ဆောင်ရွက်သည့် ရဲအရာရှိတစ်ဦးဦးသည် အဆိုပါ စုံစမ်းထောက်လှမ်းမှု အတွက် အထက်တွင်ဆိုခဲ့သည့်အတိုင်း နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောလူများအပြင် အမှု အကြောင်းခြင်းရာများ သိရှိပုံရသည့် အခြားမည်သူကိုမဆို အမိန့်စာဖြင့် ဆင့်ခေါ် နိုင်သည်။ ထိုကဲ့သို့ ဆင့်ခေါ်ခြင်းခံရသော လူတိုင်းသည် ရောက်ရှိရန်နှင့် အကယ်၍ အဖြေပေးရပါက မိမိအပေါ် ရာဇဝတ်ကြောင်းအရ စွဲဆိုနိုင်မည့် သို့မဟုတ် ပြစ်ဒဏ် ချမှတ်စီရင်နိုင်မည့် သို့မဟုတ် ပေးလျော်ဒဏ် ချမှတ်နိုင်မည့် အဖြေများကို ပေးရသော မေးခွန်းမျိုးမှတစ်ပါး မည်သည့်မေးခွန်းကိုမဆို အမှန်အတိုင်းဖြေကြားရန် တာဝန် ရှိစေရမည်။

(၂) ပုဒ်မ ၁၇ဝ နှင့်သက်ဆိုင်သည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ် ဖြစ်ကြောင်း အကြောင်း အရာများအရ မထင်ရှားလျှင် အဆိုပါသူများကို တရားသူကြီး၏ တရားရုံးသို့ ရောက်ရှိ စေရန် ရဲအရာရှိက မဆင့်ခေါ်စေရ။