တပ်မတော်မှ (* * *) စစ်ပြေးတစ်ဦးသည် ကုန်သင်္ဘောပေါ်၌ ပုန်းအောင်းနေရာတွင် ထိုသို့ ပုန်းအောင်းနေကြောင်းကို ရေယာဉ်မှူးသည် သို့မဟုတ် သင်္ဘောကို အုပ်ချုပ်သူသည် မိမိ၏ တာဝန် ဝတ္တရားပေါ့လျော့ခြင်းမရှိခဲ့သော် သို့မဟုတ် သင်္ဘောပေါ်တွင် စည်းကမ်းသေဝပ်ရေး ချို့ငဲ့ခြင်းမရှိခဲ့သော် သိနိုင်လောက်သည်ဖြစ်လျှင် ထိုသို့ ပုန်းအောင်းနေကြောင်းကို မသိစေကာမူ ထိုရေယာဉ်မှူး သို့မဟုတ် ထိုသင်္ဘောအုပ်ချုပ်သူအား ကျပ်ငါးသောင်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။