ပုဒ်မ ၆၃
ပုဒ်မ ၆၃
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ

မည်သူမဆို မဲရုံတွင် ဆန္ဒမဲပေးရန် သတ်မှတ်ထားသော အချိန်နာရီအတွင်း မဲရုံ၌ မဖွယ်မရာ သော အမှုကိုပြုခြင်း သို့မဟုတ် မဲရုံမှူးက မိမိ၏တာဝန်ဝတ္တရားအရပေးသည့်အမိန့်ကို မနာခံခြင်းကြောင့် မဲရုံမှူး သို့မဟုတ် မဲရုံမှူး၏အခွင့်အာဏာရ မဲရုံအဖွဲ့ဝင်တစ်ဦး၏ အမိန့်အရ တာဝန်ကျရဲတပ်ဖွဲ့ဝင် သို့မဟုတ် အခြားလုံခြုံရေးတာဝန်ရှိသူက မဲရုံမှဖယ်ရှားခံရပြီးနောက် မဲရုံမှူး၏ခွင့်ပြုချက်မရရှိဘဲ မဲရုံသို့ ပြန်ဝင်လာကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသောထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။