ပုဒ်မ ၄၆
ပုဒ်မ ၄၆
ရွေးကောက်ပွဲကျင်းပခြင်း

အခြားဒေသရှိ စီမံကိန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းတစ်ခုခုတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြသော မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အခြားမဲဆန္ဒရှင်များနှင့် အကြောင်း အမျိုးမျိုးကြောင့် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပသို့ ရောက်ရှိနေကြသော မဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးအတွက် -

(က) ယင်းတို့သည် အမြဲတမ်းနေရပ်ရှိ မဲစာရင်းဖြင့် ထိုမဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးလိုပါက ရွေးကောက်ပွဲကျင်းပသည့်နေ့၌ မိမိ၏ အမြဲတမ်းနေရပ်ရှိ သတ်မှတ်ထားသည့်မဲရုံတွင် ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲပေးနိုင်သည်။

(ခ) ယင်းတို့သည် မိမိတို့၏ အမြဲတမ်းနေရပ်သို့သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိ နေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရန် ယင်းတို့အတွက် မဲစာရင်းထည့်သွင်းခြင်းနှင့် ဆန္ဒမဲပေးခြင်းတို့ကို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။