(၁) စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးတစ်ရုံးက ပြစ်မှုတစ်ရပ်အတွက် တစ်ကြိမ်စစ်ဆေး၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ၊ သို့မဟုတ် အဆိုပါအမှုမှ အပြီးအပြတ်လွှတ် ခြင်းခံရသူတစ်ဦးမှာ ဤကဲ့သို့ အဆိုပါ ပြစ်မှုထင်ရှားစီရင်သည့် စီရင်ချက်၊ သို့မဟုတ် အမှုမှ အပြီးအပြတ်လွှတ်လိုက်သည့် စီရင်ချက်သည် အဘည်ဖြစ်လျက်ရှိနေချိန်တွင် ၎င်းပြစ်မှုနှင့် ထပ်တူ ပြစ်မှုဖြင့် ထပ်မံစစ်ဆေးစီရင်ခြင်း မခံထိုက်စေရ။ ထို့ပြင် ထိုသူအပေါ် ၎င်းအမှုအကြောင်း ခြင်းရာများကို အကြောင်းပြု၍ ပုဒ်မ ၂၃၆ အရ အခြားကွဲလွဲသည့်စွဲချက်တစ်ရပ် တင်နိုင်သော အခြားပြစ်မှုအတွက်ဖြစ်စေ၊ ပုဒ်မ ၂၃၇ အရ ပြစ်မှုထင်ရှားစီရင်နိုင်သည့် ပြစ်မှုအတွက်ဖြစ်စေ ထပ်မံစစ်ဆေးစီရင်ခြင်းလည်း မခံထိုက်စေရ။
(၂) ပြစ်မှုတစ်စုံတစ်ရာအတွက် အမှုမှအပြီးအပြတ်လွှတ်ခြင်းခံရသူ၊ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူကို ယခင်က စစ်ဆေးစီရင်ရာတွင် ပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (၁) အရ သီးခြားစွဲဆိုချက်တစ်ရပ် တင်နိုင်သည့် အခြားသီးခြားပြစ်မှုတစ်ရပ်အတွက် နောင်တွင် ထပ်မံ စစ်ဆေးစီရင်နိုင်သည်။
(၃) နောက်ဖြစ်ရပ်များ ဖြစ်ပေါ်စေသည့် ပြုလုပ်မှုတစ်စုံတစ်ရာကို ပြုလုပ်ရာ၌ ကျးလွန်ခဲ့သည့် ပြစ်မှုတစ်ခုအတွက် တစ်စုံတစ်ယောက်ကို ပြစ်မှုထင်ရှားစီရင်ရာတွင် ၎င်းပြုလုပ်ရင်း အမှုနှင့်တကွ ၎င်းအမှုမှဖြစ်ပွားလာသည့် အကြောင်းအရာများမှာလည်း ၎င်းကိုပြစ်မှ ထင်ရှားစီရင်သည့် ပြစ်မှုနှင့်မတူဘဲ အခြားကွဲလွဲသည့်ပြစ်မှုတစ်ရပ် ဖြစ်မြောက်လာသည့်အခါ ထိုသူကို ပြစ်မှုထင်ရှားစီရင်စဉ် ၎င်းဖြစ်ရပ်များ မဖြစ်ပွားသေးလျှင်၊ သို့မဟုတ် ဖြစ်ပွားသည့် အကြောင်းကို တရားရုံးက မသိသေးလျှင် ဆိုခဲ့သော နောက်ဆုံးဖော်ပြသည့်ပြစ်မှုအတွက် ၎င်းကို နောင်တွင် စစ်ဆေး စီရင်နိုင်သည်။
(၄) ပြုလုပ်မှုတစ်စုံတစ်ရာ ကျုးလွန်ခဲ့သော ပြစ်မှုတစ်ရပ်ရပ်အတွက် အမှုအပြီးအပြတ် လွှတ်ခြင်း၊ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတစ်ဦးကို ယင်းသို့ အမှုမှ အပြီးအပြတ် လွှတ်ခြင်း၊ သို့မဟုတ် ပြစ်မှုထင်ရှားစီရင်ခြင်း ပြုလုပ်ခဲ့စေကာမူ ၎င်းအမှုများပြုလုပ်ရာ၌ ဖြစ်မြောက်သည့် အခြားပြစ်မှုအတွက် ၎င်းအပေါ်၌ နောက်ထပ်စွဲချက်တင်၍ စစ်ဆေးစီရင်နိုင်ရန်မှာ အကယ်၍ ပထမစစ်ဆေးစီရင်ခဲ့သည့် တရားရုံးက နောက်စွဲချက်တင်သည့်ပြစ်မှုကို စစ်ဆေး စီရင်ပိုင်ခွင့်မရှိလျှင် ၎င်းကို နောက်ထပ်စွဲချက်တင်၍ စစ်ဆေးစီရင်နိုင်သည်။
(၅) ဤပုဒ်မပါ မည်သည့်အချက်ကမျှ မြန်မာနိုင်ငံ ယေဘုယျ စကားရပ်များ အက်ဥပဒေ၊ သို့မဟုတ် ဤကျင့်ထုံးဥပဒေပုဒ်မ ၁၈၈ ကို မထိခိုက်စေရ။
အဓိပ္ပာယ်ရှင်းလင်းချက် – တိုင်တန်းချက်ကို ပလပ်ခြင်း၊ ပုဒ်မ ၂၄၉ အရ စစ်ဆေးစီရင်သည့်အမှုကို ပိတ်သိမ်းခြင်း၊ တရားခံကို စွဲချက်မတင်မီ လွှတ်ထားခြင်း၊ သို့မဟုတ် စွဲချက်ပေါ်တွင် ပုဒ်မ ၂၇၃ အရ ရေးသွင်းချက် တစ်စုံတစ်ရာသည် ဤပုဒ်မပါကိစ္စများအလို့ငှာ အမှုမှ အပြီးအပြတ်လွှတ်ခြင်း မဟုတ်ပေ။
ဥပမာများ
(က) A ကို အစေခံအဖြစ်ဖြင့် ခိုးမှုကျုးလွန်ကြောင်းဖြင့် စွဲချက်တင်၍ စစ်ဆေးပြီး အမှုမှ အပြီးအပြတ်လွှတ်သည့်အချက် တည်မြဲနေချိန်၌ အစေခံအဖြစ် ခိုးမှုကျူးလွန်ကြောင်း၊ သို့မဟုတ် တူညီသည့်အမှု အကြောင်းခြင်းရာများအပေါ် အခြေခံပြီး ခိုးမှုကျုးလွန်ကြောင်း၊ သို့မဟုတ် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကျုးလွန်ကြောင်းဖြင့် A အပေါ် နောက်ထပ် စွဲချက်မတင်နိုင်။
( ခ ) A ကို လုယက်မှုဖြင့် စွဲချက်တင် စစ်ဆေးပြီး အမှုမှ အပြီးအပြတ် လွှတ်ရာတွင် လူသတ်မှု ကျုးလွန်ကြောင်းဖြင့် စွဲချက်မရှိသော်လည်း လုယက်မှုကျူးလွန်စဉ်က A သည် လုယက်မှုကျူးလွန်ခဲ့သည်ဟု အမှုအကြောင်းခြင်းရာများအရ ပေါ်ပေါက်နေလျှင် ၎င်းကို လုယက်မှုဖြင့် နောက်ထပ်စွဲချက်တင်၍ စစ်ဆေးနိုင်သည်။
( ဂ ) အပြင်းအထန်နာကျင်စေမှုဖြင့် A ကို စစ်ဆေးပြီး ပြစ်မှုထင်ရှား စီရင်ခဲ့သည်။ ထို့နောက် နာကျင်သူ သေဆုံးလျှင် A ကို လူသတ်မှုမမြောက်သည့် ပြစ်ဒဏ်ထိုက်သော လူသေမှုဖြင့် ထပ်မံ၍ စစ်ဆေးစီရင်နိုင်သည်။
(ဃ) B အား သတ်မှုတွင် A အပေါ် လူသတ်မှုမမြောက်သည့် ပြစ်ဒဏ်ထိုက်သော လူသေမှုဖြင့် စက်ရှင်ဘရားရုံးက စွဲချက်တင်၍ ပြစ်မှုထင်ရှား စီရင်ခဲ့သည်။ ထို့နောက် တူညီသော အမှုအကြောင်းခြင်းရာများအရ B အား သတ်မှုဖြင့် A အပေါ် စစ်ဆေးစီရင်ခြင်း မပြုနိုင်။
(င) B အား အလိုအလျောက် နာကျင်စေမှုဖြင့် A ကို ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီးက စွဲချက်ဘင်၍ ပြစ်မှုထင်ရှားစီရင်ခဲ့သည်။ ထို့နောက် ၎င်းအမှုသည် ဤပုဒ်မ၏ စာပိုဒ် ၃ နှင့် သက်ဆိုင်သည့် အမှုမဟုတ်လျှင် တူညီသော အမှုအကြောင်းခြင်းရာများအရ B အား အလိုအလျောက် အပြင်းအထန်နာကျင်စေမှုဖြင့် A ကို စစ်ဆေး စီရင်ခြင်း မပြုနိုင်။
(စ) A ကို B ၏ ကိုယ်ပေါ်မှ ပစ္စည်းခိုးယူမှုဖြင့် ဒုတိယတန်းအာဏာရ ရာဇဝတ် တရားသူကြီးက စွဲချက်တင်ပြီး ပြစ်မှုထင်ရှားစီရင်ခဲ့သည်။ ထို့နောက် တူညီသော အမှုအကြောင်း ခြင်းရာများအရ A ကို လုယက်မှုဖြင့် စွဲဆို၍ စစ်ဆေးစီရင်နိုင်သည်။
(ဆ) A ၊ B နှင့် C တို့အပေါ် D ကို လုယက်မှုဖြင့် ပထမဘန်းအာဏာရရာဇဝတ် တရားသူကြီးက စွဲချက်အင်ပြီး ပြစ်မှုထင်ရှားစီရင်ခဲ့သည်။ ထို့နောက် တူညီသော အမှုအကြောင်း ခြင်းရာများကို အခြေခံပြီး A ၊ B နှင့် C တို့အား ဓားပြမှုဖြင့် စွဲဆို၍ စစ်ဆေးစီရင်နိုင်သည်။