(၁) ဂျူရီလူကြီးများကို ရွေးချယ်ပြီးသောအခါ ၎င်းတို့က ၎င်းတို့ထဲမှ တစ်ဦးကို ခေါင်းဆောင်အဖြစ် ခန့်ထားရမည်။
(၂) ဂျူရီခေါင်းဆောင်သည် ဂျူရီအဖွဲ့ဆွေးနွေးရာတွင် သဘာပတိလုပ်ရမည့် အပြင် ဂျူရီ၏ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရမည်။ ထို့ပြင် ဂျူရီ၊ သို့မဟုတ် ဂျူရီလူကြီးတစ်ဦးဦးက အလိုရှိသည့် မည်သည့်သတင်းအချက်အလက်ကိုမဆို တရားရုံးသို့ မေးမြန်းရမည်။
(၃) တရားသူကြီးက သင့်မတော်သည်ဟု ထင်မြင်ယူဆသည့် အချိန်အတွင်း ဂျူရီအများစုက ခေါင်းဆောင်ခန့်ထားရန် သဘောတူညီမှုမရရှိလျှင် တရားရုံးက ခေါင်းဆောင်ကို ခန့်ထားရမည်။