ပုဒ်မ ၇၇
ပုဒ်မ ၇၇
ပြည်ထောင်စုလွှတ်တော်နာယက၏လုပ်ငန်းတာဝန်
(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊ (ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော် သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအားဖိတ်ကြားရမည်၊ (ဂ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲအကြောင်းအရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကိုကိုယ်စားပြုသော အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊ (ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကိုဆောင်ရွက်ရမည်။
ပြစ်ဒဏ်
-