ပုဒ်မ ၄၂၆
ပုဒ်မ ၄၂၆
အယူခံအတွင်းပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း။ အယူခံတရားလိုကို အာမခံနှင့် အချုပ်မှ လွှတ်ထားခြင်း

(၁) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ တစ်ဦးတစ်ယောက်သည် အယူခံဝင်နေဆဲအတွင်း ၎င်းအယူခံဝင်ရောက်သည့်ပြစ်ဒဏ်၊ သို့မဟုတ် အမိန့်အတည်ပြုခြင်းကို ဆိုင်းငံ့ထားစေရန် အယူခံတရားရုံးက အကြောင်းပြချက်များရေးမှတ်၍ အမိန့်ချမှတ်နိုင်သည်။ ထို့ပြင် အယူခံတရားလိုသည် အချုပ်တွင်ရှိနေလျှင် ၎င်းအား အာမခံနှင့်ဖြစ်စေ၊ ၎င်းကိုယ်တိုင် ခံဝန်ချုပ်ဆို၍ ဖြစ်စေ အချုပ်မှ လွှတ်ထားစေနိုင်သည်။

(၂) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ တစ်ဦးတစ်ယောက်က ပြည်ထောင်စု တရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်လက်အောက်ရှိ တရားရုံးတစ်ရုံးသို့ အယူခံဝင်သည့်အမှုတွင် ဤပုဒ်မအရ အယူခံတရားရုံးအား အပ်နှင်းထားသည့် အာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ကလည်း သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ (ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)

(၃) နောက်ဆုံးတွင် အယူခံကရားလိုကို ထောင်ဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်၊ ချမှတ်သည့်အခါ ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့သည့် ကာလအပိုင်းအခြားကို ရေတွက်ရာ၌ ၎င်းအား လွှတ်ပေးထားသည့် အချိန်ကာလကို ထည့်သွင်း ရေတွက်ခြင်းမပြုရ။ (ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေအမှတ် ၁၆/၂၀၁၆)