(၁) ပုဒ်မ ၃၉၆၊ သို့မဟုတ် ၃၉၇ ပါ မည်သည့်အချက်အရမျှ တစ်ဦး တစ်ယောက်သောသူကို ယခင်၊ သို့မဟုတ် နောက်ပိုင်းတွင် ပြစ်မှုထင်ရှား စီရင်ခံရခြင်းကြောင့် ထိုသူကျခံရမည့် ပြစ်ဒဏ်၏ အစိတ်အပိုင်း တစ်စုံတစ်ရာမျှ လွတ်ငြိမ်းစေသည်ဟု မမှတ်ယူရ။
(၂) ဒဏ်ငွေမပေးဆောင် ပျက်ကွက်သောကြောင့် ချမှတ်သည့် ထောင်ဒဏ်ကို မူရင်းထောင်ဒဏ်၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်နှင့် တွဲ၍ချမှတ်သည့်အခါထို့ပြင် ပြစ်ဒဏ်ကျခံရသူမှာ ၎င်းပြစ်ဒဏ်ကို အတည်ပြုခံရပြီးနောက် နောက်ထပ်စီရင်ရင်း ထောင်ဒဏ်၊ သို့မဟုတ် ထောင်ဒဏ်များ၊ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့်အတိုင်း တစ်ကျွန်းပို့ဒဏ်၊ ထောင်ဒဏ် တစ်သက် သို့မဟုတ် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် သို့မဟုတ် ထောင်ဒဏ်နှစ်နှစ်ဆယ်ကို ကျခံရဦးမည်ဖြစ်လျှင် ထိုသူအနေဖြင့် နောက်ထပ် ပြစ်ဒဏ်၊ သို့မဟုတ် ပြစ်ဒဏ်များကို ကျခံမပြီးမချင်း ဒဏ်ငွေမဆောင် ပျက်ကွက်သောကြောင့် ချမှတ်သည့် ထောင်ဒဏ်ကို အတည်ပြုလုပ်ခွင့် မရှိစေရ။ (ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည်ဥပဒေအမှတ် ၁၆/၂၀၁၆)