ပုဒ်မ ၇၈
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမ အစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်းကျင်းပရမည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး များကို ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပရမည်။