ခရိုင်ရာဇဝတ်တရားသူကြီးများ၊ နယ်ပိုင်ရာဇဝတ်တရားသူကြီးများ၊ ပထမတန်း၊ ဒုတိယတန်း နှင့် တတိယတန်းအာဏာရ တရားသူကြီးများအားလုံးသည် တတိယဇယားတွင် ဖော်ပြထားသည့် အာဏာ အသီးသီးကို ရရှိသည်။ ထိုအာဏာများကို ၎င်းတို့၏ “သာမန်အာဏာများ” ဟုခေါ်သည်။