ပုဒ်မ ၅၁၉
ပုဒ်မ ၅၁၉
တရားခံလက်ဝယ်တွင် တွေ့ရှိရသည့် ငွေကို အပြစ်မဲ့ဝယ်ယူသူသို့ ပေးအပ်ခြင်း

ခိုးမှု၊ သို့မဟုတ် ခိုးရာပါပစ္စည်းလက်ခံမှု အပါအဝင်၊ သို့မဟုတ် ၎င်းပြစ်မှုမျိုး တစ်ရပ်ရပ်မြောက်သော ပြစ်မှုအတွက် တစ်ဦးတစ်ယောက်သော သူကို ပြစ်မှုထင်ရှားစီရင်သောအခါ ထိုပြင် ခိုးရာပါပစ္စည်းကို ခိုးကြောင်းမသိဘဲ၊ သို့မဟုတ် ခိုးကြောင်းယုံကြည်ရန် အကြောင်းမရှိဘဲ ၎င်းသူထံမှ အခြားသူတစ်ဦးတစ်ယောက်က ဝယ်ယူကြောင်း ထင်ရှားသည့်အခါ၊ ထို့ပြင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူကို ဖမ်းဆီးရာတွင်လည်း ၎င်း၏လက်ရှိမှ ငွေကြေး တစ်စုံတစ်ရာ သိမ်းယူရရှိခဲ့ကြောင်း ထင်ရှားသည့်အခါ အဆိုပါဝယ်ယူသူက လျှောက်ထားလာလျှင်၊ ထို့ပြင် ခိုးရာပါပစ္စည်းကို လက်ရှိထားခွင့်ရှိသူသို့ပြန်အပ်ရာတွင် ၎င်းတွေ့ရှိရယူသည့် အဆိုပါ ငွေကြေးအနက် အဆိုပါ ဝယ်ယူသူဝယ်ခဲ့သည့် အဖိုးထက်မပိုသည့် ငွေကို ၎င်းသူသို့ ပေးအပ်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။