တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ရှေ့တွင်ဖြစ်စေ၊ အဆိုပါ တရားရုံးမှ အရာရှိတစ်ဦးဦးရှေ့တွင် ဖြစ်စေ အသုံးပြုရန်ဖြစ်သည့် ကျမ်းကျိန်လွှာနှင့် ကတိသစ္စာပြုလွှာများကို ထိုတရားရုံး၊ သို့မဟုတ် တရားရုံးအရာရှိရှေ့တွင်ဖြစ်စေ၊ ကော်မရှင်နာတစ်ဦးတစ်ယောက်ရှေ့တွင်ဖြစ်စေ၊ ဤကိစ္စအတွက် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ကခန့်ထားသော အခြားသူတစ်ဦးဦးရှေ့တွင်ဖြစ်စေ တရားသူကြီးတစ်ဦးဦးရှေ့တွင် ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှတ်တမ်းရုံးတစ်စုံတစ်ရာ၌ ကျမ်းကျိန်ချက် ရယူနိုင်သော ကော်မရှင်နာတစ်ဦးဦးရှေ့တွင်ဖြစ်စေ၊ အင်္ဂလန်၊ သို့မဟုတ် အိုင်ယာလန်တွင် ကျမ်းသစ္စာ တိုက်ခွင့် ရသော ကော်မရှင်နာတစ်ဦးဦးရှေ့တွင်ဖြစ်စေ၊ စကော့တလန်တွင် ကျမ်းကျိန်လွှာ၊ သို့မဟုတ် ကတိသစ္စာပြုလွှာများရယူရန် အခွင့်အာဏာရရှိသည့် ရာဇဝတ်တရားသူကြီး တစ်ဦးဦးရှေ့တွင်ဖြစ်စေ ကျမ်းကျိန်ခြင်း၊ ကတိသစ္စာပြုခြင်းများ ပြုလုပ်နိုင်သည်။