ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်းပျက်ယွင်းသူမဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။