ပုဒ်မ ၁၄၈
သေစေလောက်သောလက်နက်ဖြင့်ရုန်းရင်းဆန်ခတ်မှုပြုခြင်း
မည်သူမဆို သေစေလောက်သော လက်နက်ဖြင့် သို့မဟုတ် ရန်မူသော လက်နက်အဖြစ်ဖြင့် အသုံးပြုလျှင် သေစေတန်ရာသော အရာဝတ္ထုတစ်ခုခုဖြင့် ရုန်းရင်းဆန်ခတ်မှု ကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
ကျင့်ထုံး
- ရဲအရေးပိုင်သည်။
- ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။
Related Law