ပုဒ်မ ၁၀၉ ပါအပိုဒ် (က) နှင့် အပိုဒ် (ခ)တို့တွင် ဖော်ပြပါရှိသော ကိစ္စအသီးသီးတွင် မူလ တရားရုံး အမှု၏တန်ဖိုးသည် ငွေကျပ်သိန်းတစ်ရာနှင့်အထက် ဖြစ်ရမည်။ ထို့ပြင် တရားလွှတ်တော် ချုပ်သို့ အယူခံဝင်သောအမှုတွင် အငြင်းပွားသော အမှုတန်ဖိုးသည်လည်း ကျပ်တစ်သောင်းနှင့် အထက်ပင် ဖြစ်ရမည်။ ((ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် အစားထိုးပြင်ဆင်ထားသည်။)
သို့မဟုတ် ထိုဒီကရီ သို့မဟုတ် အပြီးသတ်အမိန့်သည် အထက်နည်းတူ တန်ဖိုးရှိသော ပစ္စည်းနှင့် စပ်လျဉ်းသည့် တောင်းဆိုချက် သို့မဟုတ် ပြဿနာနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ဆိုင်ရမည်။
ထို့ပြင် အယူခံဝင်သည့် ဒီကရီ သို့မဟုတ် အပြီးသတ်အမိန့်သည် ယင်းဒီကရီ သို့မဟုတ် အမိန့်ကို ချမှတ်သော တရားရုံး၏ အနီးဆုံးဖြစ်သော အောက်ရုံး၏ဆုံးဖြတ်ချက်ကို အတည်ပြုသည့် ကိစ္စတွင် သက်ဆိုင်ရာ အယူခံမှု၌ အရေးယူလောက်သော ဥပဒေကြောင်းဆိုင်ရာ ပြဿနာ ပေါ်ပေါက် ပါဝင်စေရမည်။