ပုဒ်မ ၂၈
နိုင်ငံတော်အခြေခံမူများ
နိုင်ငံတော်သည်-
(က) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက် ရမည်၊
(ခ) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများကပါဝင် ဆောင်ရွက် နိုင်ရန် လိုအပ်မည့်ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရမည်၊
(ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ဖော်ဆောင်ရမည်၊
(ဃ) ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ဖော်ဆောင်ရမည်။