ပုဒ်မ ၂၄၆
ပုဒ်မ ၂၄၆
တိုင်တန်းချက်၊ သို့မဟုတ် သမ္မန်စာကြောင့် တွေ့ရှိချက်ကို ကန့်သတ်မထားခြင်း

တိုင်တန်းချက်၊ သို့မဟုတ် သမ္မန်စာမှာ မည်သို့ပင်ရှိစေကာမူ တရားခံ၏ ဝန်ခံ ချက်အရဖြစ်စေ၊ သက်သေထင်ရှားသည့် အကြောင်းခြင်းရာအရဖြစ်စေ တရားခံ ပြစ်မှုကျုးလွန်ကြောင်း ပေါ်ပေါက်လျှင် ဤအခန်းအရ စစ်ဆေးနိုင်သော မည်သည့်ပြစ်မှုနှင့်မဆို တရားခံ အပေါ် ပုဒ်မ ၂၄၃ အရ၊ သို့မဟုတ် ၂၄၅ အရ ရာဇဝတ်တရားသူကြီးက ပြစ်မှုထင်ရှားစီရင် နိုင်သည်။