ပုဒ်မ ၂၀၁
ပုဒ်မ ၂၀၁
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် -

(က) နိုင်ငံတော်သမ္မတ၊

(ခ) ဒုတိယသမ္မတ၊

(ဂ) ဒုတိယသမ္မတ၊

(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊

(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊

(စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

(ဆ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊

(ဇ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊

(ဈ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊

(ည) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊

(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး။



ကျင့်ထုံး