ပုဒ်မ ၃၂၉
ပုဒ်မ ၃၂၉
အစိုးရအမှုထမ်း၊ သို့မဟုတ် မီးရထားအမှုထမ်းများ မည်သည့်အခါ ခွင့်လွှတ်နိုင်ခြင်း

ဂျူရီလူကြီးအဖြစ် ထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရသူ တစ်စုံတစ်ယောက်သည် အစိုးရဝန်ထမ်း၊ သို့မဟုတ် မီးရထားဝန်ထမ်း ဖြစ်ခဲ့သော ထိုသူသည် အများပြည်သူတို့ ကသိကအောက်မဖြစ်စေဘဲ ဂျူရီလူကြီးအဖြစ်မဆောင်ရွက်နိုင်ကြောင်း ထိုသူတာဝန်ထမ်းဆောင်ရာ ရုံးအကြီးအကဲ၏တင်ပြချက်အရ တရားရုံးက ထင်မြင်လျှင် ထိုသူတက်ရောက်ခြင်းကို တရားရုံးက ခွင့်လွှတ်နိုင်သည်။