နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်းရရှိစေရမည် -
(က) ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊
(ခ) အလုပ်လုပ်ကိုင်မှု၊
(ဂ) ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၊
(ဃ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊
(င) အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊
(စ) ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု။