ပုဒ်မ ၄၁၀ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် -
(က) သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေး အာဏာကို ရယူသုံးစွဲခွင့်ရှိသည်။ ထို့ပြင် ယင်းအုပ်ချုပ်ရေးအာဏာကို သင့်လျော်သည့် အဖွဲ့အစည်း တစ်ရပ်ရပ် ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းဆောင်ရွက် စေနိုင်သည်၊
(ခ) ယင်းသို့ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများက ဥပဒေပြုပိုင်ခွင့်ရှိသောကိစ္စရပ်များအနက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေပြုခွင့်အာဏာကိုသာ ကျင့်သုံးခွင့်ရှိသည်၊၊ သို့ရာတွင် ဥပဒေပြုခွင့်အာ ဏာကိုမူ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင်ရွက်စေခြင်းမပြုရ။