ပုဒ်မ ၁၂၃
ပုဒ်မ ၁၂၃
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးကျူးလွန်သူကို အားပေးခြင်း သို့မဟုတ် လက်သင့်ခံခြင်း သို့မဟုတ် နှစ်သိမ့်စေခြင်း

(၁) မည်သူမဆို တစ်ဦးဦးအား နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီး ကျူးလွန်ရာတွင် ပါဝင်သူဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ထိုသို့ ပါဝင်သူဖြစ်ကြောင်း ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ဖြစ်စေ၊ ထိုသူကို အားပေးလျှင် သို့မဟုတ် လက်သင့်ခံလျှင် သို့မဟုတ် နှစ်သိမ့်စေလျှင် ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကင်းလွတ်ချက်။ ပြစ်မှုကျူးလွန်သူကို လက်သင့်ခံသောသူသည် ထိုပြစ်မှုကျူးလွန်သူ၏ လင် သို့မဟုတ် မယားဖြစ်လျှင် ဤပြဋ္ဌာန်းချက်နှင့် မသက်ဆိုင်စေရ။

(၂) * * * *



ကျင့်ထုံး


  1. ရဲအရေးမပိုင်
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်ရုံးက စစ်ဆေးနိုင်သည် (ယခု ပြည်နယ်/တိုင်းဒေသကြီး/မြိုနယ်တရားရုံးများက စစ်ဆေးနိုင်သည်။