ပြည်ထောင်စုရှေ့နေချုပ်အား အထောက်အကူပြုရန် လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၉၊ ပုဒ်မခွဲ (က) နှင့် ဤဥပဒေ ပုဒ်မ ၁၁ တို့ပါ အရည်အချင်းများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦးဦးအား နိုင်ငံတော်သမ္မတက မိမိသဘောဆန္ဒအလျောက် ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။