မည်သည့်အမှုတွင်မဆို အမှုသည်များကဖြစ်စေ၊၎င်း၏ကိုယ်စားလှယ် ဆောင်ရွက်သူများကဖြစ် စေ၊ အမှုကြားနာသောအခါဝန်ခံရန် သဘောတူထားသော အကြောင်းခြင်းရာများကိုသော်လည်း ကောင်း၊ ကြားနာခြင်းမပြုမီ ယင်းတို့ကိုယ်တိုင်စာဖြင့် ဝန်ခံလက်မှတ်ရေးထိုးသဘောတူထားသော အကြောင်းခြင်းရာများကိုသော်လည်းကောင်း ထိုအချိန်အခါကအတည်ဖြစ်လျက်ရှိသောအဆိုအခြေနည်း ဥပဒေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ထိုအဆိုအခြေတို့တွင်ဝန်ခံပြီးဖြစ်သည်ဟု ယူဆနိုင်သော အကြောင်းခြင်းရာများကို သက်သေထင်ရှားပြရန်မလိုချေ။
သို့ရာတွင် ဝန်ခံသည့် အကြောင်းခြင်းရာများကိုပင် အဆိုပါဝန်ခံချက်များအပြင် အခြားနည်းဖြင့် ယင်းဝန်ခံချက်များကို သက်သေထင်ရှားတင်ပြစေရန် တရားရုံးက မိမိသဘောအလျောက်ညွှန်ကြားနိုင်သည်။