(၁) ရာဇဝတ်တရားသူကြီး တစ်ဦးဦးကဖြစ်စေ၊ အခြား အာဏာပိုင်ကဖြစ်စေ၊ ၎င်းအား နည်းလမ်းတကျ အပ်နှင်းထားသည့် အာဏာများကို အပ်နှင်းရရှိသည့်အနေဖြင့် သုံးစွဲ၍ တရားခံတစ်ဦးကို စစ်ဆေးစီရင်ရန် စက်ရှင်တရားရုံး၊ သို့မဟုတ် တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်သို့ လွှဲအပ်တင်ပို့လျှင် လွှဲအပ်တင်ပို့သည့်အမိန့်ကို မချမှတ်မီ စစ်ဆေးစီရင်လျက်ရှိနေဆဲ တရားခံအတွက်ဖြစ်စေ၊ တရားလိုအတွက်ဖြစ်စေ ၎င်းရာဇဝတ်တရားသူကြီး၊ သို့မဟုတ် အခြားအာဏာ ပိုင်တို့တွင် စီရင်ပိုင်ခွင့်အာဏာမရှိကြောင်းဖြင့် ငြင်းဆိုကန့်ကွက်ခြင်း မရှိသည့်အပြင် လွှဲအပ်တင်ပို့ခြင်းကြောင့်လည်း တရားခံတွင် နစ်နာစေရန်အကြောင်းမရှိကြောင်း ထင်မြင်ပါက အမှု လက်ခံရရှိသည့် တရားရုံးသည် မှုခင်းကိစ္စများဆောင်ရွက်မှုကို လေ့လာပြီးနောက် ထိုသို့လွှဲအပ် ထားသည့်အမှုကို လက်ခံနိုင်သည်။
(၂) အဆိုပါတရားရုံးက တရားခံမှာ နစ်နာစေသည်ဟု ထင်မြင်လျှင်၊ သို့မဟုတ် ဆိုခဲ့သော ကန့်ကွက်ချက်ရှိခဲ့လျှင် လွှဲအပ်တင်ပို ့ခြင်းကို ချေဖျက်၍ အခွင့်အာဏာရှ ရာဇဝတ် တရားသူကြီးတစ်ဦးက အသစ်ထပ်မံ စုံစမ်းစစ်ဆေးရန် ညွှန်ကြားရမည်။