ပုဒ်မ ၈၁
ပုဒ်မ ၈၁
ဖမ်းဆီးခြင်းနှင့် လူကိုယ်တိုင်လာရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း

ရာထူးအလျောက် ဆောင်ရွက်သည့်သဘော သက်ရောက်သော ပြုလုပ်မှုတစ်ခုခု နှင့် စပ်လျဉ်း၍ ပြည်သူ့အရာထမ်းတစ်ဦးအပေါ် စွဲဆိုသည့်အမှု၌ –

(က) ဒီကရီအတည်ပြုရာတွင်မှတပါး တရားပြိုင်အား ဖမ်းဆီးခြင်း၊ ၎င်း၏ပစ္စည်းကို ဝရမ်း ကပ်ခြင်း မပြုရ၊ ထို့ပြင်

( ခ )   တရားပြိုင်လာရောက်ခြင်းဖြင့် ၎င်းထမ်းဆောင်နေသည့် ပြည်သူ့တာဝန်ကို ထိခိုက်မည်ဟု တရားရုံးသည် ကျေနပ်လက်ခံသောအခါ ထိုသူအား ကိုယ်တိုင်လာရောက်ရ ခြင်းမှ ကင်းလွတ် ခွင့်လည်း ပြုရမည်။