(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေက ခွင့်ပြုသည့် မည်သည့် ပြစ်ဒဏ်ကိုမဆို ချမှတ်နိုင်သည်။
(၂) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် သို့မဟုတ် ခရိုင်တရားရုံးသည် ဥပဒေက ခွင့်ပြုသည့် မည်သည့်ပြစ်ဒဏ်ကိုမဆို ချမှတ်နိုင်သည်။ သို့သော် ယင်းရုံး၏ တရားသူကြီး တစ်ဦးဦးက ချမှတ်သည့် မည်သည့် သေဒဏ် အမိန့်ကိုမဆို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အတည်ပြုမှသာ အတည်ဖြစ်သည်။
(၃) ********************************************** (ပယ်ဖျက်သည်။)
(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမှတ် ၁၆ /၂၀၁၆)