ပုဒ်မ ၁၀၁
ဥပဒေကြမ်းတင်သွင်းခြင်း
ပြည်ထောင်စုလွှတ်တော်၌သာဆွေးနွေးဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်သော ဥပဒေ ကြမ်းများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များက ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းသော ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ စတင်ဆွေးနွေး ဆောင်ရွက်ခွင့်ရှိသည်။