(၁) ရာဇဝတ်တရားရုံးတစ်ရုံးတွင် ပြစ်မှုတစ်ရပ်ဖြင့် စွပ်စွဲခံရသူ မည်သူမဆို၊ သို့မဟုတ် ဆိုခဲ့သည့် တရားရုံးတစ်ရုံးတွင် ဤကျင့်ထုံးဥပဒေအရ အမှုစွဲဆိုခြင်းခံရသူ မည်သူမဆို ရှေ့နေဖြင့် ခုခံချေပပိုင်ခွင့်ရှိသည်။
(၂) အထက်တွင် ဆိုခဲ့သည့်အတိုင်း အဆိုပါသူသည် ဆိုခဲ့သည့် ပြစ်မှုအတွက် စုံစမ်းစစ်ဆေးခြင်း၊ သို့မဟုတ် စစ်ဆေးစီရင်ခြင်း၊ သို့မဟုတ် အမှုစွဲဆိုခြင်း ခံရသည့်အခါ မိမိအတွက် သက်သေတစ်ဦးအဖြစ် မိမိကိုယ်ကို စာရင်းပေးနိုင်သည်။