(က) မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းတွင် အမည်ပါဝင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် ယင်းမဲဆန္ဒ နယ်တွင်သာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။
(ခ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် မဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းမှ အခြားမဲဆန္ဒနယ်တစ်နယ်၏ မဲစာရင်းသို့ ခိုင်လုံသောအကြောင်းပြချက်ဖြင့် အမည်ပြောင်းရွှေ့လိုလျှင် သတ်မှတ်သည့်အတိုင်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ လျှောက်ထားနိုင်သည်။
(ဂ) မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်း တစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်းပါဝင်ခြင်း မရှိစေရ။